ကျိုက်ထီးရိုး ဘုရားကြီး၏ ထီးတော်အား အသစ်တင် လှူရန် အတွက် ဇေကမ္ဘာ ဦးခင်ရွှေ၏ လျှောက်ထားမှုကို ကျိုက်ထီးရိုး ဆရာတော်များမှ ကန့်ကွက်ထားကြောင်း သိရသည်။
ဇေကမ္ဘာဦးခင်ရွှေသည် ကျိုက်ထီးရိုး ဘုရား ဂေါပကအဖွဲ့ထံသို့ ၂၀၁၄ခုနှစ် တပေါင်း လပြည့်နေ့ (မတ်လ၁၅ရက်)တွင် ကျိုက်ထီးရိုး ဘုရားအား ထီးတော်အသစ် လှူချင်ပါ ကြောင်း ဖေဖော်ဝါရီ ဒုတိယအပါတ်တွင် အကြောင်းကြား ခဲ့သည့်အပြင် ကျိုက်ထီးရိုး ဘုရား သြ၀ါဒစရိယ ဆရာတော် တစ်ပါး ဖြစ်သည့် လေသာ ဆရာတော်ကိုလည်း ဦးခင်ရွှေမှ သွားရောက် လျှောက်ထား ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပါတ်သတ်၍ လေသာ ဆရာတော်မှ ၂၀၁၄ ခုနှစ်
ဖေဖော်ဝါရီလ (၂၅)ရက်တွင် လေသာ ကျောင်းတိုက် ဩသ၀ါဒ စရိယ ဆရာတော် ၁၁ပါးစုံညီ အစည်းအဝေး ကျင်းပီး ထီးတော် အသစ် တင်မည့် အစီအစဉ်ကို လက်မခံကြောင်း ဦးခင်ရွှေအား ပြန်ကြားခဲ့သည် ဟုလည်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ Tomorrow ဂျာနယ်မှ ကျိုက်ထီးရိုး ဂေါပက
အဖွဲ့၊ ကျိုက်ထီးရိုး ဘုရား သြ၀ါဒစရိယ၊ မြို့နယ် သံဃနာယက ဥက္က
ကော့ ဘိန်းဆရာတော်နှင့် အတွင်းရေးမှူးမြို့မမူချောင် ကျောင်းဆရာတော်
တို့ထံ ဖုန်းဆက် လျှောက်ထား မေးမြန်း ခဲ့ရာ ဂေါပယအဖွဲ့ ဥက္ကမှ “ဦးခင်ရွှေရဲ့ လျှောက်ထားစာကို သြ၀ါဒစရိယ ဆရာတော်ကြီးများထံ ဆက်ကပ် ထားပါတယ်။ ထီးတော်တင်ဖို့ ခွင့်ပြုခြင်း၊ မပြုခြင်းကတော့
ဂေါပကအဖွဲ့က ဆုံးဖြတ်လို့ မရပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ကော့ဘိန်း ဆရာတော်ကမူ သြ၀ါဒစရိယ ဆရာတော်များ စုံညီ အစည်းအဝေးတွင် လက်ရှိ ထီးတော် မှာ ၂၀၀၁ခုနှစ်ကမှ တင်လှူထား သဖြင့် ပျက်စီးမှု နည်းပါးခြင်း၊ အကောင်းပကတိ နီးပါးရှိနေ သေးခြင်း တို့ကြောင့် ထီးတော်အသစ် တင်လှူရန် မလိုအပ်သေးကြောင်း ဦးခင်ရွှေ ထံ ပြန်ကြား လိုက်သည်ဟု မိန့်ကြား ခဲ့ကြောင်းလည်း သိရသည်။
အတွင်းရေးမှူး မြို့မမူချောင် ကျောင်းဆရာတော် ဥက္ကမှလည်း “ပြုပြင်မယ် ဆိုရင် ငြမ်းဆင်ပြီး ပြုပြင်ရုံနဲ့ လုံလောက်ပါတယ်။ ထီးတော် အသစ်တင်ဖို့ အထိ မလိုပါဘူး၊ ဒါ့အပြင် ဦးခင်ရွှေ ထီးတော် အသစ်တင်လိုတဲ့ ရက်က အလွန်နီးကပ်နေ အတွက် စီစဉ်ဖို့ အချိန် မလုံလောက်တော့လို့ပါ”ဟု မိန့်ကြားခဲ့သည်။
ဇေကမ္ဘာဦးခင်ရွှေ၏ မိသားစုကမူ ကျိုက်ထီးရိုး ဘုရားသို့ ထီးတော် အသစ် တင်လှူရန် အတွက် ကျိုက်ထီးဆောင်း ဆရာတော်ထံ ဖေဖော်ဝါရီ (၂၇)ရက်နေ့တွင် ရွှေသုံးပိသာ၊ ငွေကျပ်သိန်း ၅၀၀ နှင့် စတီးသံပိုက်(၂၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
ဦးခင်ရွှေ မိသားစု အနေဖြင့် စိန်ဖူးတော်ကိုမူ အသစ်လဲမည် မဟုတ်ပဲ ထီးတော်နှင့် ငှက်မြတ်နား တော်ကိုမူ အသစ်တင် လှူမည်ဟု သိရသည်။
ဆရာတော်များက ခွင့်မပြုထားဘဲ ဦးခင်ရွှေက ထီးတော် အသစ်ကို ရ သည့်နည်းဖြင့် တင်လှူခဲ့ပါက မည်သို့ ဆောင်ရွက်မည်နည်းဟု Tomorrow သတင်း ဂျာနယ်မှ အတွင်းရေးမှုး ဆရာတော်အား ဆက်လက်၍ မေးမြန်းခဲ့ရာ ဆရာတော်က “ဒါဆိုရင်တော့ သံဃာတွေ အစည်းအဝေး ထပ်ခေါ်၊ ပြည်သူတွေကိုပါ တက်ခိုင်းပြီး ဆုံးဖြတ်
ရလိမ့်မယ်”ဟု ပြန်လည် မိန့်ကြားခဲ့သည်။ယင်းကိစ္စနှင့် ပါတ်သတ်၍
ဇေကမ္ဘာဦးခင်ရွှေအား မေးမြန်းရန် ဆက်သွယ်ခဲ့ သော်လည်း အဆက်သွယ် မရခဲ့ပေ။
ကျိုက်ထီးရိုး ဘုရား ထီးတော်သစ် တင်လှူရန် ကိစ္စသည် မလိုအပ်သေးသည့် အတွက် တားမြစ်ခြင်း ဖြစ်ပြီး ပြုပြင်မည် ဆိုပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း မြို့နယ် ဥက္ကဋ္ဌ ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
အတည်မပြုနိုင်သော သတင်းများ အရ အဆိုပါ ထီးတော် အသစ် တင်လှူမည့် ကိစ္စသည် ရန်ကုန်တွင် ပုန်းခိုနေသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သူ၏ ညီမ ဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလတ် အတွက် ယတြာချေပေးခြင်း ဖြစ်သည်ဟု စီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုလျက် ရှိနေသည်။
No comments:
Post a Comment